www.jinghpawkasa.com Jinghpaw Wunpawng Myusha a Matu

ဖားကန့်ရှိ အိမ်ခြေ ၁၀၀ ခန့်ကို အာဏာပိုင်များက ဖျက်သိမ်းခိုင်းနေ


E-mail
Print
ကချင်ပြည်နယ် ဖားကန့်မြို့မှ အိမ်ခြေ ၁၀၀ခန့်ကို ပြည်နယ်အာဏာပိုင်များက မြို့အင်္ဂါရပ်နှင့် မညီညွတ်ဟု အကြောင်းပြ ချက်ဖြင့် ယခုအပတ်တွင်း၌ ဖျက်သိမ်းခိုင်းထားကြောင်း သိရသည်။

ဇူလိုင်လ ၈ ရက် က ရေလျံမှု ဖြစ်ခဲ့သော ဖားကန့် တာလီချောင်ချောင်း ဘေးရှိ ၎င်းလူနေအိမ်များကို ရွံညွံများထူထပ် နေ သော ကြောင့် မြို့အင်္ဂါရပ်နှင့် မည်ီညွတ်ဟုအကြောင်းပြချက်ဖြင့် ပြည်နယ်အာဏပိုင်များ အမိန့်ဖြင့် မြို့နယ် စည်ပင် သာယာ အဖွဲ့က ဖျက်သိမ်းခိုင်းသည်ဟု ဒေသခံတဦးက ဧရာဝတီသို့ ပြောသည်။

“အရင်ဖားကန့်မြို့လို့ မသတ်မှတ်ခင်ကတည်းက ရှိခဲ့တဲ့ အိမ်တွေဖြစ်ပြီးတော့ ၁၉၉၃ ခုနှစ် နောက်ပိုင်း ကျူးကျော်မြေ လို့ သတ်မှတ်ခဲ့ပေမယ့် မြို့နယ်စည်ပင်သာယာက ငွေကြေး ကောက်ခံပြီး ဆက်လက်နေခွင့်ပြုခဲ့တဲ့အိမ်တွေပါ”ဟု ထိုဒေသခံ ကပြောသည်။

တချို့သော ဖျက်သိမ်းခိုင်းခံရသည့် အိမ်များသည် တန်ဖိုးအားဖြင့် ကျပ် သိန်း၆၀ ခန့် ရှိကြောင်း ၊ ထိုအိမ် ထောင်စုများ ကို ပြန်လည်နေရာချခြင်း၊ လျော်ကြေးပေးခြင်းများ မရှိဟု သိရသည်။

ထို့အပြင် လွန်ခဲ့သော ၁၀ ရက်ခန့်ကလည်း အိမ်ခြေ ၂၀၀ခန့်ရှိသော မှော်မောင်းကုန်းရွာ ခေါ် ဆုတောင်းကုန်းရွာ ကို လည်း စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် မှ ကျောက်တွင်းလုပ်ကွက်အသစ်များ လုပ်ကိုင်ရန်အတွက် ဖယ်ရှား ခိုင်းထားကြောင်း၊ ဒေသခံရွာသားများကလည်း ဒေသအာဏာပိုင် များထံသို့ ကန့်ကွက်စာ တင်ထားကြောင်း အထက်ပါ ဒေသခံက ပြောသည်။

ဖားကန့်မြို့တွင် ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့ မှ စတင်ပြီး ၃ ရက်ခန့် မိုးသည်းထန်စွာရွာသွန်းသောကြောင့် ဥရုချောင်း ရေလျှံပြီး လူနေအိမ်ခြေ ၆၀ ခန့် ပျက်စီး၍ လူပေါင်း ၇၀ကျော် သေဆုံးခဲ့သည်ဟု ဒေသခံများကပြောဆိုသည်။ အစိုးရ သတင်းစာများတွင် ၂၄ ဦးသေဆုံးသည်ဟု ထုတ်ပြန်ခဲ့သည်။

ဖားကန့်ဒေသသည် အဖိုးတန်ကျောက်စိမ်းများ ထွက်ရှိရာ ဒေသဖြစ်ပြီး လစဉ်လူပေါင်းသိန်းချီ၍ ၀င်ထွက်သွားလာနေ သော ဒေသတခုဖြစ်သည်။ ယခုနောက်ပိုင်း ကျောက်တူးဖော်သည့် ကုမ္ပဏီ များ၏ စည်းကမ်းမဲ့ ကျောက်တူးဖ်ာမှု များကြောင့် ရေကြီးခြင်း၊ မြေပြိုခြင်းများ ဖြစ်လာကြောင်း သိရသည်။
ဆက်ဖတ်ရန် »
« အသစ်များ အဟောင်းများ » HOME
Jinghpaw Kasa

JINGHPAW KASA

2009 May 25 hta hpang ai

JINGHPAW KASA BLOG hpe sa du n gun jaw nga ai Wunpawng Myusha ni yawng hpe na chying wa chyeju dum n ngai.

N hkum n zup ai lam ni law law nga na re, ra rawng ai lam ni hta hpaji jaw la rit ngu yawng hpe lajin dat n ngai.

JINGHPAW KASA de matut mahkai mayu yang:
Contact Mail:

Tawk Hkam
tawkhkam@gmail.com

Slideshow Image 2

Followers